သရက်ချောင်း   ၁၁  ဖေဖော်ဝါရီ

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီး အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

111

 

သင်တန်းဖွင့်ပွဲတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦး က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစိုးသီ က ကျေးလက်နေပြည်သူများ  အသက်မွေးဝမ်းကျောင်းပြုရန်အတွက် အခြေခံ စက်ချုပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော ပညာဖြင့် အလုပ်အကိုင် ရရှိကာ မိသားစုဘဝ တိုးတက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

2

 

သင်တန်းတွင် သရက်ချောင်းမြို့နယ်အတွင်းရှိ သရက်နှစ်ခွကျေးရွာ၊ ဥတ္တူကျေးရွာနှင့် ရန်တောင်ကျေးရွာများမှ သင်တန်းသူ ၁၆ ဦးအား ဖေဖော်ဝါရီ ၁၁ ရက်မှ ဧပြီ ၁၁ ရက်အထိ နှစ်လကြာ စာတွေ့လက်တွေ့ သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးချစ်ဦး(ပြန်/ဆက်)

 

333