သထုံ ဒီဇင်ဘာ ၈

 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းပြီးစီးမှုကို ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သရက်တောကျေးရွာ သရက်တော(လယ်/ထွေ) သမဝါယမအသင်းမှ အသင်းသား တောင်သူ ဦးသိန်းလှ၏ ဂျပန်ရွှေဝါထွန်းမျိုး မိုးစပါးစိုက် လယ်ယာမြေ ၁၀ ဧက ရိတ်သိမ်းပြီးစီးမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

သရက်တော (လယ်/ထွေ)သမဝါယမအသင်းတွင် အသင်းသား တောင်သူ ၂၀ တို့က ဂျပန်ရွှေဝါထွန်းမျိုး မိုးစပါး ဧက ၂၀၀ စိုက်ပျိုးထားပြီး ကွင်းဆင်းကြည့်ရှုရာတွင် တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀၁ တင်းရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)