သထုံ စက်တင်ဘာ ၂၉
မွန်ပြည်နယ် သထုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်သည့် ကတိုက်ကလေးကျေးရွာ၊ ကတိုက်ကလေး စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ အသင်းသား တောင်သူတစ်ဦး၏ မိုးစပါး စိုက်ခင်းအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူတို့က ကတိုက်ကလေး ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသား တောင်သူဦးအေးသိန်း၏ မိုးစပါးစိုက်ခင်းအား ကြည့်ရှုကာ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မိုးစပါးစိုက်ခင်းများ၌ ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျ ထည့်သွင်းရေးနှင့် အပင်ကြီးထွားချိန်၌ ပိုးမွှားရောဂါ ကျရောက်မှု မရှိအောင် ဂရုစိုက်ဆောင်ရွက်ရေး လိုအပ်သည်တို့ကို မြို့နယ်သမဝါယမ အသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


