သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲလာဖြေစဉ် အမောဖောက်ရောဂါခံစားလာရသည့် ကျောင်းသူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆေးရုံသို့ကူညီပို့ဆောင်ပေး

နေပြည်တော်  ၁၁  မတ် 
    

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း(ကျိုက္ကော်)၌ ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသူတစ်ဦးသည် အမောဖောက်ရောဂါ ခံစားလာရသဖြင့် အမျိုးသမီး ရဲမေပါဝင်သည့် တပ်ဖွဲ့ဝင်များနှင့် ကျောင်းဆရာမများက ဆေးရုံသို့အရေးပေါ်ယာဉ်ဖြင့် လိုက်လံ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဆေးရုံတွင်စာမေးပွဲ ဆက်လက်ဖြေဆိုကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။

(သတင်းစဉ်)