နေပြည်တော်  ၂၅  ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များအသင်း(PPMA)၏ ပံ့ပိုးကူညီမှုဖြင့် Junior Dream (NPO) က ကြီးမှူးကျင်းပမည့် Street Children ဓာတ်ပုံပြိုင်ပွဲ  ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

Street Children ဓာတ်ပုံပြိုင်ပွဲသည် လမ်းပေါ်နေကလေးများ၏ ဘဝ၊ လိုအပ်ချက်၊ အခွင့်အရေး၊ မျှော်လင့်ချက်နှင့် အိပ်မက်များကို ပိုမိုသိရှိနားလည်နိုင်ပြီး ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 

ဝင်ရောက်ယှဉ်ပြိုင်လိုကြသည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ဓာတ်ပုံများကို မေ ၁၅ ရက်နောက်ဆုံးထား၍ အမှတ်-၁၂၅၉၊ သရဖီလမ်း (၃၄)ရပ်ကွက်၊ မြောက်ဒဂုံ သို့ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်း များကို အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ်- (ဝ၉-၇၉၅၆၈၈၉၂၂၊ ဝ၉-၄၂၀၅၉၆၉၁၁) သို့ စုံစမ်းနိုင်ကြောင်း သိရသည်။

 

 ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၁၆ ခုနှစ် မတ် ၁ရက်မှ ၂၀၁၉ ခုနှစ် မတ် ၁၅ ရက် အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို ယှဉ်ပြိုင်နိုင်ပြီး ဆုရဓာတ်ပုံများကို မတ်လ ၃၁ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကာ ပြိုင်ပွဲဆုကြေးများအဖြစ် ပထမဆု (၇ သိန်း) တစ်ဆု၊ ဒုတိယဆု(၅ သိန်း) တစ်ဆု၊ တတိယဆု(၃ သိန်း)တစ်ဆု၊ နှစ်သိမ့်ဆု(၁) သိန်း နှစ်ဆုနှင့် စိတ်ကြိုက်ရွေးချယ်သည့်ပုံ တစ်ပုံအတွက် (၅ သောင်း) ငါးဆုတို့ကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

မောင်မောင်မျိုး