ရန်ကုန်   ၁၄  ဖေဖော်ဝါရီ 


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းမီဒီယာဥပဒေပြင်ဆင်ရေးဖိုရမ်ကို ဖေဖော်ဝါရီ  ၁၇ ရက်တွင် ရန်ကုန်မြို့  အမှတ် ၁၂၊ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်ရှိ Green Hill Hotel ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါဖိုရမ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားသတင်းမီဒီယာများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးတို့မှ သတင်းမီဒီယာသမားများ၊ သတင်းမီဒီယာအဖွဲ့အစည်းများ၊ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး သတင်းမီဒီယာ နှင့်ဆက်စပ်သည့် မိတ်ဖက်အဖွဲ့ အစည်းများလည်း လေ့လာသူများအဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 


 (သတင်းစဉ်)