ရန်ကုန် ၂၄ ဖေဖော်ဝါရီ

 


သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများအသင်းက မတ် ၂၄ ရက်၌ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည့် အသက်(၈၀)နှစ်နှင့်အထက် အသင်းသားများအား ဂါရဝပြုပွဲနှင့် ဝန်ထမ်းဟောင်းများ မိတ်ဆုံတွေ့ဆုံပွဲအတွက် ဗိုလ်တထောင် သတင်းစာတိုက်မှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးအောင်လင်း+ဒေါ်ခင်သန်းနွဲ့ (ဆရာခို/ဓောဓံဓ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မိသားစုက အလှူငွေကျပ် သုံးသိန်းတိတိအား ယနေ့တွင် ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးမြင့်ဆွေ (ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ်-ငြိမ်း) နှင့် အမှုဆောင်အဖွဲ့က လက်ခံရယူပြီး သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။

 


သတင်းနှင့်စာနယ်ဇင်း ဝန်ထမ်းဟောင်းများအသင်းသို့ ဆက်သွယ်လှူဒါန်းလိုပါက အသင်းအတွင်းရေးမှူး ဦးဇော်ဝင်း ဖုန်း- ဝ၉ ၄၂၀၁၀၁၃၈၉ နှင့် တွဲဖက်အတွင်းရေးမှူး ဦးအေးသန်း ဖုန်း- ဝ၉ ၄၄၀၃၇၇၆၃၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

 


ကိုဇော်