သုံးခွ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသော သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လက်ပံကျေးရွာ SMU ခန်းမတွင် သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးနှင့် အဖွဲ့က ယမန်နေ့နံနက် ၁၀ နာရီတွင် ကျေးရွာနေပြည်သူများအား  အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ဦးစွာ သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးဦးအောင်ကျော်နိုင်က  မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်  ဓာတ်မြေဩဇာများ စနစ်တကျ အချိုးကျ၊ အချိန်ကိုက် ကြဲပက်ရန်နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရန်၊  အထွက်နှုန်းကောင်းသည့် မျိုးများ စိုက်ပျိုးရန်၊ ပဲတီစိမ်းသီးနှံ  ပိုးသတ်ဆေး ဓာတ်ကြွင်း  မပါဝင်ရေးအတွက် လိုက်နာရမည့် အချက်များကို ဆွေးနွေး  ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတင်မြင့်အောင် က သီးနှံများ အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြောကြားသည်။ အဆိုပါ အသိပညာပေး  ဟောပြောပွဲသို့ ကျေးလက်နေတောင်သူ ၄၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)