ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ် အမှတ် (၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ လိုခါးလိုကွက်သစ် အမှတ် (၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။







