ရန်ကုန်တက္ကသိုလ်ဟာ “ဝိဇ္ဇာလောက မူသစ် ဆောက်တည်ခဲ့တဲ့တက္ကသိုလ်ကြီး” ပါလို့ ညွှန်းဆိုနိုင်မယ့် အချိန်တွေကို မြန်မာစာသမားတစ်ယောက်အနေနဲ့ ပြန်ဆင်ခြင်မိတဲ့အခါ တွေးနေကျအတွေး၊ မြင်နေကျ အမြင်တွေကလမ်းခွဲထွက်ပြီး အတွေးအမြင်သစ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြလိုက်တဲ့ ခေတ်စမ်းပုံပြင်တွေကို အမှတ်ရမိပါတယ်။ “ခေတ်စမ်းရနံ့ဖြာ လောကဘုံ ဓမ္မတာ"ဆိုတဲ့အတိုင်း ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ကွာခြားတဲ့ လောကီထုပ္ပတ် လူတို့ဇာတ်ကို အရှုအမြင်တစ်မျိုးနဲ့ ခေတ်စမ်းစာဆိုတွေက ကြည့်ခဲ့ကြတယ်။ ရေးသားခဲ့ကြတယ်။