ရွှေရောင်တောက်ခဲ့ ကောလိပ်ရက်များ

လမ်းထိပ် ကွင်းကျောင်းစာသင်တိုက်မှ အရုဏ်ဆွမ်းဘုဉ်းပေးရန် အချက်ပေး ကလတက်ခေါက်သံနှင့်အတူ နိုးလာသည်။ ခေါင်းရင်းက အိပ်ခန်းပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အရှေ့အရပ်ဆီက တိမ်တိုက်ဖြူများသည် ပုစွန်ဆီသွေးရောင် ပက်ဖျန်းခြင်းခံထားရ၏။ “မင်္ဂလာပါနေမင်းကြီး”ဟု စိတ်ထဲက နှုတ်ခွန်းဆက်လိုက်ကာ ရေချိုးခန်းသွား၍ မျက်နှာသစ်လိုက်သည်။ မျက်နှာ သစ်ရင်း တစ်ကိုယ်လုံး ပိုလန်းသွားအောင် ရေပါ ချိုးပစ် လိုက်သည်။