ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့
နိုင်ငံတော်၏ဦးစားပေးရည်မှန်းချက် တစ်ခုဖြစ်သည့် “တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး”သည် ကလေးသူငယ်အခွင့်အရေးများနှင့် ဆက်စပ်နေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီနေခြင်းဖြစ်ရာ ကလေး သူငယ်များကို စနစ်တကျပြုစုပျိုးထောင်ပါက နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကာ တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မည်မှာ မလွဲဧကန်ဖြစ်သည်။






