မိမိမွေးဖွားရာအရပ်၊ မိမိပညာသင်ကြားရာအရပ်နှင့် မိမိကြီးပွားရာအရပ်တို့ကို မမေ့အပ်ဟု ရှေးလူကြီးများက ဆိုခဲ့ကြပါသည်။ ကျွန်တော်တို့လည်း လူအဖြစ် မွေးဖွားလာခဲ့ကြသည်။ ပညာလည်း သင်ကြားခဲ့ကြသည်။ ပညာသင်ကြားရာ လမ်းတစ်လျှောက်တွင်လည်း နားခဲ့ခိုခဲ့သည့် နေရာများစွာလည်းရှိခဲ့ပါသည်။ ထိုနေရာများထဲတွင် တွေးမိတိုင်း လွမ်းရသည့် နေရာတစ်ခုလည်း ရှိပါသည်။ ထိုနေရာမှာ အခြားမဟုတ်ပေ။ ကျွန်တော်တို့၏ သမိုင်းလှဝင် အင်းဝဆောင်ပဲ ဖြစ်သည်။