သက်တော်ရှည် သင်္ချာပါမောက္ခ ဆရာကြီးဦးဘတုတ်


မြင့်မြင့်ခိုင်

၂၀၂၀ ရွေးကောက်ပွဲရက်များနှင့် နိုင်ငံပိုင်သတင်းစာ

ခင်ရတနာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄၇) ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ


မောင်စာဂ

ကိုလိုနီခေတ် စားသုံးဆီထုတ်လုပ်မှုများ

ရန်ကုန်တက္ကသိုလ်တွင် ပညာရည်နို့သောက်စို့ခဲ့ကြသည့် စာပေ၊ ဂီတ၊  အနုပညာကျောင်းသား ကျောင်းသူဟောင်းများ၏ အမှတ်တရများ
ဆရာကြီး ဒေါက်တာမောင်မောင်ခ လက်ထက်မှာ ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းက တော်တော်လေးကို အောင်အောင် မြင်မြင် ထွန်းထွန်းပေါက်ပေါက်  ဖြစ်ခဲ့တယ် လို့    ပြောရမယ်။   နောက်ပိုင်း    ဦးအရိုင်းတို့ က   ဒါကို   အဆက်မပြတ်စေချင်တဲ့အတွက် ကျောင်းသားဟောင်းတွေရော၊ မျိုးဆက်သစ် ကျောင်းသားသစ်တွေပါ မော်ကွန်းထိန်း ဆရာ ကြီး ဦးစံအုန်း ဦးဆောင်ပြီးတော့ အနုပညာ အသင်းကြီးကို     ရှင်သန်နေအောင်    အငြိမ့်၊ ဆိုင်းဝိုင်း၊ အဆို၊ အက၊ အတီး သင်တန်းတွေ ရှိတယ်။ ကျောင်းသားဟောင်းတွေက သင်ပေး တယ်။   ဆိုင်းဝိုင်းမှာ   ရွာစားလုပ်တာ   ဆရာ ဦးဌေးဝင်း၊   သူက    ဘူမိဗေဒဘာသာက။ ကျန်တဲ့   မောင်း၊   ဆိုင်းတီး၊   စည်းဝါး၊   နှဲ၊ ခြောက်လုံးပတ် ဒိုးတီးသူတွေက အခြားမေဂျာ က ကျောင်းသားဟောင်းကြီးတွေပေါ့။   သူတို့ နဲ့   ပူးပေါင်းပြီး   ဦးအရိုင်းတို့လည်း   ဝင်ပြီး တီးတာပေါ့။ လူရွှင်တော်တွေက   မြန်မာစာ ဌာန၊  ဥပဒေဌာနက ဘီယာ၊ နိုးတူး၊ လန်ဘား၊ ချစ်စရာတို့က လူရွှင်တော်ဟောင်းကြီးတွေ။ နောက်ပိုင်း  ဦးအရိုင်းတို့ ရောက်သွားတော့ ပြဇာတ်တွေ ကကြတယ်၊  အငြိမ့်တွေ ကကြ တယ်၊ နှစ်ပါးသွားတွေ ကကြတယ်၊နောက်ပိုင်း    ဇာတ်တော်ကြီးတွေပါ ကကြတယ်။ နောက်ပြီး ဆို၊ က၊ ရေး၊တီး ပြိုင်ပွဲတွေ လုပ်တယ်။ 
ကလေးများကို ကာကွယ်ပါ၊ စောင့်ရှောက်ပါ
နိုဝင်ဘာလ (၂၀)ရက်နေ့ရောက်တိုင်း ကမ္ဘာ့ကလေးများနေ့ (World Children's Day) ကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ် ၂၀၂၀ပြည့်နှစ်ဆိုလျှင် (၆၇) နှစ်တိုင်ခဲ့ပေပြီ။ အဆိုပါနေ့တွင် တစ်ကမ္ဘာလုံးရှိ ကလေးသူငယ်များအား အသိအမှတ်ပြု၍ ကလေးသူငယ်များ၏ လူမှုအကျိုးစီးပွားများအား ဖြည့်ဆည်းပေးနိုင်ရန်၊ နိုင်ငံအချင်းချင်း အတူတကွတည်ရှိမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် ကလေးသူငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲများ၊ အခမ်းအနားများ စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ပွဲတော်များကျင်းပကြပြီး ကလေးများအား အလေးထားကာ အသိအမှတ်ပြုကြပါသည်။