၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ(၂၉) ရွေးကောက်ပွဲကိုယ်စားလှယ်များ၏အခန်းကဏ္ဍ

(၇၃) နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ
ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေ၊ လူတွေနဲ့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား သွားလာနေပြီဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေ၊ ဈေးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်လူးလွန့်နိုးထလာနေပါတယ်။ ကျန်းမာရေးသတိနဲ့ အသိရှိရှိ သွားလာနေထိုင်ကြဖို့ နိုင်ငံတော် ကလည်း အမြဲသတိပေးလျက်ရှိနေချိန် ဖြစ်ပါတယ်။ အချို့ စီးပွားရေးလုပ်ငန်းတွေ နှေးကွေးနေဆဲ ဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုကတော့ တိုးတက်လျက် ရှိနေဆဲဖြစ်ပါတယ်။
ကျပ်ငွေ ၁၇၈ ဘီလီယံခန့် ကုန်ကျတည်ဆောက်မယ့် အိမ်ရာစီမံကိန်း
ရန်ကုန်မြို့မှာ သက်တမ်းကြာရင့်နေပြီဖြစ်တဲ့ အိုးအိမ်အဆောက်အအုံတွေ အများကြီးရှိနေပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ လူမှုဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲဆန်းသစ်လာတဲ့ ဒီနေ့အချိန်မှာ ကြံ့ခိုင်မှုအားနည်းလာ တဲ့ အိမ်ရာတွေကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဒီလိုအိမ်ရာတွေအနက် အချို့ကို အသစ်ပြန်လည်တည်ဆောက်နေပြီဖြစ်သလို အင်းစိန်မြို့နယ်အတွင်းက ကြို့ကုန်းအိမ်ရာကိုလည်း ငွေကျပ် ၁၇၈ ဘီလီယံခန့် အကုန်အကျခံပြီး ဒီဇိုင်းအသစ်နဲ့ ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ပါတယ်။
ဗားကရာချောက်နံရံများကိုမျက်နှာသစ်၍ နံ့သာလိမ်းခြယ်ခြင်း
ရှေးခေတ်လူကြီးများ ပမာပြုပြောဆိုခဲ့သော ဥပမာစကားများအနက်မှ ‘‘အသစ်တွေ ဘယ်လို ကောင်းကောင်း အဟောင်းတလည်လည်’’ ဆိုသည့် စကားဥပမာတစ်ခုက ပြန်လည်ပြုပြင်ပြီးစီး လုနီးပါးရှိနေသည့် ဗားကရာချောက်နံရံများက စာရေးသူကို ထင်လင်းစွာ အလင်းတန်း ပြလိုက်ခြင်းပင်ဟု ယုံကြည်မိပါသည်။