မြတ်လေးနှင့် မောင်မိုးသူ

mdn

ရှေ့နေနှင့် ဘာလင်ခရီး

mdn

ယတဂရစုငှက်တို့အတွက် အောင်မြင်မှုကို အားဖြည့်ပေးခဲ့ဖူးသူ မြန်မာနိုင်ငံသား ဘောလုံးနည်းပြ ဦးကျော်ဒင်

mdn

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အထိမ်းအမှတ် မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲ သမိုင်းဝင်ဓာတ်ပုံများ
မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် “မေတ္တာ နှင့် သူရာ” ဇာတ်ကားဖြင့် စတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ပြည့်ပေတော့မည်။ ၂၅ နှစ်လျှင် ရတုတစ်ခုဟု သတ်မှတ်သဖြင့် ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ငွေရတု ဖြစ်သည်။ သို့သော် စစ်ပြီးစအခြေအနေဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးလျက် ရှိနေသေး သည်။ မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲကို ၁၉၄၅ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိပေ။ ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးမရသေးဘဲ အင်္ဂလိပ်လက်အောက်ခံအဖြစ် ဘုရင်ခံ မင်းကြီး ဆာဟူးဘတ်ရန့် (Sir Hubert Rance) က အုပ်ချုပ်လျက်ရှိသည်။
ယတဂရစုငှက်တို့အတွက် အောင်မြင်မှုကို အားဖြည့်ပေးခဲ့ဖူးသူ မြန်မာနိုင်ငံသား ဘောလုံးနည်းပြ ဦးကျော်ဒင်
ဂျပန်ဒဏ္ဍာရီတွင် ဧကရာဇ်ဘုရင် ဂျင်မူကို ကူမာနိုတောင်သို့ လမ်းပြခေါ်ဆောင်ခဲ့သည့် ယတဂရစု(Yatagarasu) ခေါ် ခြေထောက်သုံးချောင်းနှင့် ကျီးနက်ကြီးတစ်ကောင်ရှိသည်။ သူသည် ရှင်တိုနေနတ်သမီး အာမာတဲရာစု၏ စေတမန်လည်းဖြစ်သည်။ ကျီးကန်းကြီး ယတဂရစုက ဂျပန်၏ အမှတ်သကငေ်္တလည်းဖြစ်သည်။ ဂျပန် အမျိုးသားဘောလုံးအသင်း (Japan National Football Team) ၏တံဆိပ်မှာ ယတဂရစုကျီးငှက်က ဘောလုံးအနီ ကို ကိုင်ထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ ထိုဂျပန် လက်ရွေးစင်ဘောလုံးအသင်း အောင်မြင်မှုများ၏ မူလအစ ဂျပန်ဘောလုံးဖခင်များတွင် မြန်မာလူမျိုးတစ်ဦး ထူးထူးခြားခြား ပါဝင်ပတ်သက်လျက်ရှိသည်။ ဂျပန်လူမျိုးတို့သည် ထိုသူကို လေးစားချစ်ခင်သည်။ ထိုသူ၏ မိသားစုဝင်များကို သိရှိဆက်သွယ်ကာ ကျေးဇူးတင်လိုကြသည်။ ဂျပန် လူမျိုးများ၏ မိတ်ဆွေကြီးကား ဦးကျော်ဒင်ဟု အမည်ရပါသည်။
စီရင်ထုံးသမိုင်းကြောင်းဖြစ်စဉ်နှင့် ကိုးကားဖော်ပြရန် နည်းနိဿယ