ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဒီးမော့ဆိုတွင် ဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ် မေ ၆ ရက်မှ ၁၂ ရက်ထိ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





