အမှတ်(၆) စက်မှုသင်တန်းကျောင်း အမှတ်စဉ်(၆) သင်တန်းဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိသည့် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏ စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲကို ကျောင်းခန်းမတွင် မေ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။








