(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)၌ကျင်းပ
၂၀၁၉ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်း စွယ်တော်မြတ်စေတီအနီးရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ယနေ့နံနက်(၇)နာရီက ကျင်းပခဲ့သည်။








