(၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့၌ မကွေးမီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြသ

၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို မကွေးခရိုင် အားကစားကွင်းထဲ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ စွမ်းရည်များကို ခေတ်မီစက်ကိရိယာများနှင့်အတူ ပူးတွဲပြသခဲ့ကြောင်း သိရသည်။
“ဝ” အထူးဒေသ(၂)မှ မိုင်းဆတ်-တာချီလိတ်ကားလမ်း လမ်းအသုံးပြုခကောက်ခံခြင်းကို မေ ၁ ရက်မှစ၍ ရပ်ဆိုင်း 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ် ကားလမ်းအား “ဝ” အထူးဒေသ(၂)မှ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာအနီးတွင် မောင်းတံတား၍ လမ်းအသုံးပြုခ ကောက်ခံနေခြင်းကို မေ(၁)ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာတွင် တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် နွားများတွင် ဒေါင့်သန်းရောဂါမဖြစ်စေရေး ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မေ ၄ ရက် မွန်းလွဲ ၃ နာရီက ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်ပြီး တိရစ္ဆာန် ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကျေးရွာရှိနွားများအား ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
ညောင်ဦးမြို့နယ် အညာကျေးလက်ဒေသများတွင် နွေရာသီကာလ နွားစာရှားပါးချိန် ထန်းသီးများကို နွားစာအဖြစ် အားထားကျွေးနေရ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် တောင်သူအများစု ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နွေရာသီ နွားစာများ ရှားပါးနေချိန်ဖြစ်၍ ထန်းသီးများကို နွားစာအဖြစ် အားထားကျွေးနေရကြောင်း ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများထံမှ သိရသည်။
ကြာချည်လုပ်ငန်းမှ ဝင်ငွေရရှိကာ ဒေသခံများ စားဝတ်နေရေး အဆင်ပြေလျက်ရှိ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့မှ နှစ်ပေါင်းသက်တမ်း ၈ဝဝ ခန့်ရှိ ဝက်သည်ကန်ကြီးအတွင်း သဘာဝအလျောက် ပေါက်ရောက်နေသည့် ပဒုမ္မာ ကြာများမှ ကြာချည်ထုတ်လုပ်သည့် လုပ်ငန်းဖြင့် စလင်းမြို့နယ် ရှမ်းရွာကုန်းကျေးရွာနေ ဒေသခံများအနေဖြင့် ဝင်ငွေတိုးတက်ရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းအဆင့်မြှင့်တင်မှု လုပ်ငန်းများအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မေ ၄ ရက် နံနက် ၉ နာရီက တာဝန်ရှိသူများ လိုက်ပါလျက် မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းအဆင့်မြှင့်တင်မှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မြေဆီလွှာနှင့် မြေဩဇာမျိုးစေ့သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းများဖွင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေဆီလွှာနှင့် မြေဩဇာမျိုးစေ့သီးနှံ ကာကွယ်ရေးဓာတ်ခွဲခန်းများ ဖွင့်လှစ်ပွဲကို အမှတ် ၁၄ နယ်မြေ မြက်တိုရပ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆယ်မားအူးလ်အွန်ဒုံ(SMU) အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။