တာချီလိတ်မြို့ လေယာဉ်ပြေးလမ်း ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ် အချိန်များ ရွှေ့ဆိုင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ လေဆိပ် လေယာဉ်ပြေးလမ်းအား ပြုပြင်ထိန်းသိမ်းရန်ရှိသဖြင့် လေယာဉ်ခရီးစဉ်များ ဆင်းသက်/ထွက်ခွာချိန်အား မေ ၅ ရက်မှ ၁၉ ရက်အထိ နံနက် ၁၀ နာရီနောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမြင့်ထံမှ သိရသညိ။
ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ စုပေါင်း၍ သောက်သုံးရေလှူဒါန်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများနှင့် အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ မေ ၄ ရက်က သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ကွမ်းစီကန်ကျေးရွာသို့သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။
ယာဉ်အန္တရာယ် ကင်းရှင်းရေး ဟားခါးမြို့ လမ်းဆုံနေရာများတွင် စောင့်ကြည့်ကင်မရာနှင့် မှန်ခုံးများ တပ်ဆင်ဆောင်ရွက်လျက်ရှိ

ဟားခါး ၄ မေ

ချောင်းဦးမြို့နယ်အတွင်းရှိ ရေရှားပါးသည့် ကိုးတောင်ကန်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ချောင်းဦး ၄ မေ

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနေမှု အခြေအနေနှင့်စပ်လျဉ်း၍ ဒေသခံမီဒီယာများနှင့် မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာ တွေ့ဆုံ
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ လျှပ်စစ်ဝန်အား လျှော့မှုများ လုပ်ဆောင်နေပြီး အလှည့်ကျစနစ်ဖြင့် အုပ်စုများခွဲကာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု အခြေအနေများနှင့်စပ်လျဉ်း၍ မကွေးဒေသခံမီဒီယာများနှင့် မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာတို့ ယနေ့ နံနက်ပိုင်းက တွေ့ဆုံကာ မေးမြန်း၊ ဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ဇီးအိုကျေးရွာ နှစ်ပေါင်း ၉၀ဝ ကျော်ရှိ မန်ကျည်းပင်ကြီးအား ပြည်တွင်းပြည်ပ ခရီးသွားများလာရောက် လေ့လာမှုများပြား
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မြေတွင်းသွင်းကျေးရွာအုပ်စု ဇီးအိုကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ နှစ်ပေါင်း ၉၀ဝ ရာကျော် မန်ကျည်းပင်ကြီးအား ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ မပြတ်လာရောက် လေ့လာလျက်ရှိကြောင်း သိရသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ၄ မေ