ရိခေါ်ဒါရ်၌ အနှေးယာဉ် ဆိုင်ကယ်တက္ကစီများ တက္ကစီးခနှုန်းထားများ သတ်မှတ်ဆောင်ရွက်သွားမည်

ချင်းပြည်နယ်  ရိခေါ်ဒါရ်မြို့ရှိ အနှေးယာဉ်ဆိုင်ကယ် တက္ကစီများ စည်းကမ်းတကျ ရှိစေရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဧပြီ ၈ ရက်တွင် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာစက်သုံး အဆင့်မြင့် အပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာစက်သုံး အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို ဧပြီ ၈ ရက် နံနက် ၁၀ နာရီတွင် ကြို့ကုန်း (၁) ကျေးရွာ လူထုအခြေပြု လေ့လာမှုစခန်းတွင်ကျင်းပသည်။
ဆူးလေဘုရားလမ်းမပေါ်တွင် ဝါးများဖြင့် တည်ဆောက်ထားသည့် အလှပြဝါးစင်များ တည်ဆောက်လျက်ရှိ
ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ် အနီးရှိ ဆူးလေဘုရား လမ်းမပေါ်တွင် မြန်မာ့ရိုးရာ ဝါးများဖြင့် တပ်ဆင်တည်ဆောက်ထားပြီး သင်္ကြန်ပုံရိပ်ကို ဖော်ညွှန်းမည့် အလှပြဝါးစင်များကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်သူနှင့် ကျန်းမာရေး ပြည်သူ့စကားဝိုင်း ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဒဿမအကြိမ် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်း၊ ရန်ကုန်(အရှေ့ပိုင်း)၌ ကျင်းပသည်။
ဟိုင်းကြီးကျွန်းတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မော်တင်စွန်းဒေသ ကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းသင်္ကြန်ပွဲတော်အဖြစ် အမည်ပြောင်းလဲကျင်းပမည်
ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာရှိ မော်တင်စွန်းတောင်ခြေ ပင်လယ်ကမ်းစပ်တွင် ကျင်းပမည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မော်တင်စွန်းဒေသကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းသင်္ကြန်ပွဲတော် ............
နယ်စပ်မြို့ကော့သောင်းတွင် သင်္ကြန်ပွဲတော်မတိုင်မီ ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်သူများပြား
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရက်များမတိုင်မီ ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက် လည်ပတ်ကြသူ များပြားသဖြင့် ကော့သောင်းမြို့ လူဝင်မှုကြီးကြပ်ရေး နယ်စပ်ဖြတ်သန်းဂိတ်တွင် သွားရောက်လည်ပတ်မည့်သူများ  ယနေ့နံနက်ပိုင်းက နယ်စပ်ဖြတ်သန်းမှု အခွန်ဆောင်ရန် တန်းစီစောင့်ဆိုင်းနေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းရှိ အထင်ကရ သမိုင်းဝင် နေရာများတွင် နယ်သာလန်နိုင်ငံမှ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သတင်းမှတ်တမ်း ရိုက်ကူး
Khiri Travel Myanmar Ltd ၏ စီစဉ်မှုဖြင့် နယ်သာလန်နိုင်ငံ၊ 3op Reis Dutch TV Show မှ ရိုက်ကူးရေး အဖွဲ့များသည် ဧပြီ ၃ ရက်မှ ၁၆ ရက်ထိ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သတင်းမှတ်တမ်း ရိုက်ကူး သွားမည်ဖြစ်ကြောင်း သိရသည်။