မေတ္တာမြို့၌ ပုံမှန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံသော ကလေးများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ပုံမှန်ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံသော ကလေးများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။






