တောင်နဝင်းဆည်တမံအား အချိန်ပြည့်ကြည့်ရှုနိုင်ရန် CCTV များတပ်ဆင်
တောင်နဝင်းဆည်တမံအား အချိန်ပြည့် ကြည့်ရှုနိုင်ရန် CCTV (၈)လုံး တပ်ဆင်ခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် တပ်ဆင်ခြင်း၊ စမ်းသပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။







