အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွားရာ ၁၈ ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ကိုဇီကိုဒီလေဆိပ်၌ Air India Express လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ယမန်နေ့က ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ရာ ၁၈ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး၌ အသေခံဗုံးခွဲမှုတစ်ခုဖြစ်ပွား၊ ရှစ်ဦးထက်မနည်း သေဆုံး
ဆိုမာလီနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူး၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ရာ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံ၏ အစားအစာဖူလုံရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်စိုးရိမ်
ဘေရွတ်မြို့ ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သိုလှောင်ထားသော စားနပ်ရိက္ခာများ ဆုံးရှုံးသွားသည့်အတွက် လက်ဘနွန်နိုင်ငံ၏ အစားအစာဖူလုံရေးကို အထူးစိုးရိမ်မိသည်ဟု ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က ထုတ်ဖော်ပြော ကြားခဲ့သည်။
တောင်ကိုရီးယားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၁ ဦးအထိ သေဆုံး
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော စနေနေ့ကတည်းက မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ အထိ သေဆုံးသူ ၂၁ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း ဗဟိုသဘာဝဘေးနှင့် လုံခြုံရေးတန်ပြန်ဆောင်ရွက်မှုအဖွဲ့ က ဩဂုတ် ၈ ရက်က ပြောကြားလိုက်သည်။