ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆုံးအခြေအနေ

ကမ္ဘာတစ်ဝန်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်အခြေအနေတွေကို အောက်ပါအတိုင်း စုစည်းတင်ဆက်လိုက်ရပါတယ်။
အီတလီနိုင်ငံသို့ ဆေးဝါးများနှင့် ကျွမ်းကျင် ဝန်ထမ်းများ တရုတ်နိုင်ငံမှ ပေးပို့မည်

ဗိုင်းရပ်စ်၏ အကျိုးဆက်များသည် ဩဂုတ်လအထိ နောက်ဆုံးဖြစ်နိုင်ကြောင်း ထရန့် ပြောကြား
ဗိုင်းရပ်စ်အသစ်၏ ကူးစက်မှုသည် ဩဂုတ်လအထိ ဆက်လက်တည်ရှိအုံးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယူကရိန်းမြို့တော်ကိယက်ဗ်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်သူ နှစ်ဦး ရှိကြောင်း သတင်းထုတ်ပြန်
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်တွင် ပထမဆုံး ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်သူ နှစ်ဦး ရှိသည်ဟု အတည်ပြုကြောင်း ယူကရိန်းအမျိုးသားသတင်းအေဂျင်စီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမော်တော်ကားထုတ်လုပ်သူများက ထုတ်လုပ်မှုရပ်နား
ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားသောကြောင့် ဒေသတွင်း မော်တော်ကား ထုတ်လုပ်သူများသည် ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားသည်။
နေအိမ်များတွင်နေထိုင်ကြရန် အများပြည်သူများအား ပြင်သစ်သမ္မတ မက်ခရွန် တိုက်တွန်းပြောကြား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် နိုင်ငံတစ်ဝန်းလုံး သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ပြန် ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အမေရိကန်နှင့် ဂျာမနီတို့ အပြိုင်အဆိုင်ကြိုးပမ်း