သီရိလင်္ကာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ကို သောကြာနေ့ ညနေ ၆ နာရီ မှစတင်ကာ တနင်္လာနေ့မနက် ၆ နာရီတွင် အဆုံးသတ်မည် ဖြစ်ကြောင်း သီရိလင်္ကာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ပေါ်တူဂီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အရေးပေါ်အခြေအနေအဖြစ် ကြေညာ
ကိုဗစ်-၁၉ကူးစက်ရောဂါ တိုက်ဖျက်ရန် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေအဖြစ် ပေါ်တူဂီနိုင်ငံက ကြေညာခဲ့သည်။ 
ဂျပန်နိုင်ငံတွင် အိုလံပစ်မီးရှူးတိုင် ရောက်ရှိ
ဂျပန်နိုင်ငံတွင် တိုကျို ၂၀၂၀ အားကစားပွဲအတွက် ဂရိနိုင်ငံမှ အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဇွန်လနှောင်းပိုင်းအထိ ရွှေ့ဆိုင်း
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဇွန်လနှောင်းပိုင်းအထိ ရွှေ့ပြောင်းလိုက်ကြောင်း ယခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဉက္ကဌ ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။ 
ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု နိုင်ဂျာနိုင်ငံ အတည်ပြုပြောကြား
နိုင်ဂျာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရကြောင်း နိုင်ဂျာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ တရုတ်နိုင်ငံထက် ပိုများလာ
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံထက် ပိုများသွားကြောင်း သိရပါတယ်။ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄၂၇ ဦးရှိကြောင်း  သိရတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၃,၄၀၅ဦးသွားဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ရာ တရုတ်နိုင်ငံမှာတော့ သေဆုံးသူ ၃,၂၄၅ဦး ရှိပြီး အများစုမှာ အသက်ကြီးသူတွေဖြစ်ကြောင်း သိရပါတယ်။ 
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်
ဂျပန်နိုင်ငံ ယနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၆၂ အထိ မြင့်တက်လာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။