ဗြိတိန်က ဂျပန်နိုင်ငံအား ကုလသမဂ္ဂ ရာသီဥတုညီလာခံအမီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်တိုက်တွန်းခဲ့သည်။ ပဲရစ်သဘောတူညီချက်တွင် ပါဝင်ထားသောအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ ရည်မှန်းချက်များအား ကုလသမဂ္ဂသို့ ယခုလမကုန်မီ တင်သွင်းရန်သတ်မှတ်ထားသည်။