အိန္ဒိယတောင်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် ၁၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးနာလ်ဒူပြည်နယ်တွင် ယနေ့ နံနက်အစောပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရရဲတပ်ဖွဲ့က ဆင်ဟွာသို့ ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။ 
အပျော်စီးဇိမ်ခံသင်္ဘော ခရီးသည်ဟောင်း ဂျပန်အဘိုးအဖွားနှစ်ဦး ကိုဗစ်19 ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး
ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးမပျံ့နှံ့ရေးအတွက် သီးသန့်ခွဲခြားထားသော ၁၄ ရက် ကြာဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးဇိမ်ခံ သင်္ဘောခရီးသည်ဟောင်းနှစ်ဦး ဒီနေ့ (ကြာသပတေးနေ့) မှာ သေဆုံးကြောင်း ဒေသတွင်း သတင်းဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။ 
ပြင်သစ်နိုင်ငံနှင့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း ရှီကျင့်ဖျင် ပြောကြား
တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပူးတွဲအကာအကွယ်ပေးရေး အပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပြင်သစ်နိုင်ငံနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန်ဆန္ဒရှိနေကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြင်သစ်သမ္မတမက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားကို ဖိအားပေးရန်အတွက် ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့မှုပြုလုပ်
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရို၏ အာဏာဆုပ်ကိုင်ထားမှုကို လက်လွှတ်စေရန်အတွက် နိုင်ငံတကာဖိအားပေးမှုကို အရှိန်မြှင့်သည့်အနေဖြင့် အမေရိကန်သမ္မတသည် ဗင်နီဇွဲလားအရေးကိစ္စတွင် အဓိကကျသော နေရာမှပါဝင်နေသည့် ရုရှားနိုင်ငံပိုင် ရို့စ်နက်ဖ် ရေနံကုမ္ပဏီအပေါ် ယမန်နေ့က အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း သိရသည်။
ဩစတြေးလျ၌ လေကြောင်းလိုင်းဝန်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် လေဆိပ်လုပ်ငန်းဆောင်တာများ အခက်အခဲဖြစ်
ဩစတြေးလျနိုင်ငံ၏ လေကြောင်း လိုင်းတစ်ခုဖြစ်သည့် ဂျက်စတား လေကြောင်းလိုင်းမှ ဝန်ထမ်းများသည် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြရာ နိုင်ငံ၏ လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းဆောင်တာများ အခက်အခဲဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
အာဖဂန်သမ္မတအဖြစ် အက်ရှရက်ဖ်ဂါနီ ပြန်လည်ရွေးချယ်ခံရ
ပြီးခဲ့သည့်ငါးလခန့်အကြာက ကျင်းပခဲ့သော အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့မှုအတွင်း အာဖဂန် သမ္မတ အက်ရှရက်ဖ်ဂါနီ ဒုတိယအကြိမ် ပြန်လည် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတဟောင်း အယူခံရှုံးနိမ့်ပြီး ထောင်ဒဏ်ကျခံရ
တောင်ကိုရီးယားသမ္မတဟောင်း လီမြှောင်ဘက်ခ် အယူခံရှုံးနိမ့်ပြီး လဘ်ပေးလဘ်ယူမှုနဲ့ အလွဲသုံးစားမှုတွေကြောင့် ထောင်ဒဏ် ၁၇ နှစ် ကျခံရန် ဒီနေ့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။