ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်ရာ ဝူဟန်မြို့ခံတွေရဲ့ စားရေးသောက်ရေး
တရုတ်နိုင်ငံ ဝူဟန်မြို့ခံ ဂူအိုဂျင်းဟာ မြို့အပြင်နဲ့ အိမ်အပြင်ထွက်ခွင့်မရသူ ၁၁ သန်းထဲက တစ်ယောက် ဖြစ်ပါတယ်။ ဝူဟန်မြို့ခံတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး အသွားအလာလုပ်ခွင့်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။








