တရုတ်နိုင်ငံ ချန်ဒူးတွင် တိုယိုတာ လည်ပတ်မှုစတင်

ဂျပန်နိုင်ငံမှ ကားထုတ်လုပ်သူ Toyota Motor သည် တရုတ်နိုင်ငံ ချန်ဒူးရှိ စက်ရုံတစ်ရုံတွင် ပြန်လည် လည်ပတ်မှု စတင်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အိန္ဒိယသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်သို့  နှစ်ရက်ကြာ အလည်အပတ်ခရီးအဖြစ် ယနေ့တွင် ရောက်ရှိလာသည်။
အီရန်ရွေးကောက်ပွဲတွင် သဘောထားတင်းမာသူများ အနိုင်ရရှိ
ပြီးခဲ့သည့် သောကြာနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီးတွင် ကွန်ဆာဗေးတစ် သဘောထားတင်းမာသူများသည် အီရန် ပါလီမန်တွင် အမတ်နေရာ ၇၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက မဲရေတွက်မှု ရလဒ်ကို ယမန်နေ့က ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် လဟာပြင်ဈေးတွင် ပစ်ခတ်မှုဖြစ်ပွား ခုနစ်ဦး ဒဏ်ရာရ
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ မြောက်ဘက် ၁၈ ကီလိုမီတာ အကွာရှိ လဟာပြင်ဈေးတွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားသဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တူရကီနှင့်အီရန်နိုင်ငံတွင် ပြင်းအား ၅ ဒသမ ၇ ပမာဏ ငလျင်လှုပ်ခတ်မှုကြောင့် လူ ကိုးဦးထက်မနည်း သေဆုံး
အီရန်နိုင်ငံနှင့်အိမ်နီးချင်း တူရကီနိုင်ငံတို့တွင် ယမန်နေ့မနက်ပိုင်းက ပြင်းအား ၅ ဒသမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် ကလေးများ အပါအဝင် လူကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
နှိပ်စက်ကလူ ပြည့်ရန်သူကို အတူ ယှဉ်တွဲ ချေမှုန်းပွဲတည့်

ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်ပျံသန်းပြေးဆွဲမှုတွေ ဘယ်တော့ပြန်စနိုင်မလဲ
ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလမှာ သင့်အနေနဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတဲ့အခါ