ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း စတင်သတိပေးခဲ့တဲ့ ဒေါက်တာလီ သေဆုံး
ဝူဟန်မြို့ရှိ ဝူဟန်ဗဟိုဆေးရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဒေါက်တာ လီဝမ်လီအန် ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်းကို ပထမဦးဆုံး သတိပြုမိတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒီနေ့(သောကြာနေ့) နံနက် ၂နာရီ ၅၈ မိနစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။






