သေဆုံးသူ ၂၁၃ ဦးဖြစ်လာချိန် ဗိုင်းရပ်စ်ပိုးကူးစက်မှု အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာ 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၁၃ ဦးနဲ့ ရောဂါပိုးကူးစက်ခံရသူ ၁၀,၀၀၀ နီးပါရှိကြောင်း တရုတ်အစိုးရက အတည်ပြုပြောကြားချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုနဲ့ပတ်သတ်ပြီး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ 
အာဖဂန်နစ္စတန်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား တပ်မှူးသုံးဦးအပါအဝင် စစ်သွေးကြွ ရှစ်ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကူဒူဇ်ပြည်နယ် ဒက်တ်အီအာချီခရိုင်တွင် တာလီဘန်တို့ ပုန်းအောင်းရာနေရာကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အုပ်စုတပ်မှူး သုံးဦးအပါအဝင် စစ်သွေးကြွ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယနေ့စစ်တပ်ကြေညာချက်တွင် ဖော်ပြထားသည်။
ကပ်ရောဂါ ဖြစ်ပွားနေသည့် ဝူဟန်မြို့အတွက် လတ်ဆတ်ကောင်းမွန်သည့် ဟင်းသီးဟင်းရွက် တန် ၃၀၀ အား မိုင်းပေါင်းများစွာ ကွာဝေးသည့် ဟဲဖေးမြို့မှ ကူညီထောက်ပံ့
လတ်ဆတ်ကောင်းမွန်သော ဟင်းသီးဟင်းရွက်များ သယ်ဆောင်ထားသည့် ကုန်တင်ကားကြီး ၁၃ စင်းသည် ဟန်းဟွေးပြည်နယ် ဟဲဖေးမြို့ရှိ လက်ကားဈေးမှ မိုင်းပေါင်း ၅၀၀ ကျော်ကွာဝေးသည့် ဝူဟန်မြို့သို့ ကူညီထောက်ပံ့ပေးရန် ဇန်နဝါရီ ၃၀ ရက်၌ စတင်ထွက်ခွာခဲ့သည်။
အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဂါဇာကမ်းမြောင်မှ ဒုံးကျည်သုံးစင်း ပစ်လွှတ်
အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်သုံးစင်း ယမန်နေ့ညက ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏  အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်းရှိ
ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်းအတိုင်း ပြောင်းလဲခြင်းမရှိဟု သိရသည်။
အီရန်နျူကလီးယား အေဂျင်စီအပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်
အီရန် နျူကလီးယားအဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်း၏အကြီးအကဲဖြစ်သူကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
ဝူဟန်မြို့ရဲ့ လူသူမရှိတဲ့ လမ်းမပေါ်မှာ လူတစ်ဦးလဲကျသေဆုံးနေတာတွေ့ရှိ
ဝူဟန်မြို့ရဲ့ လူသူမရှိတဲ့ လမ်းမပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ထားသော ဆံပင်ဖြူနေတဲ့အမျိုးသားတစ်ဦး လဲကျသေဆုံးနေတာကို ကြာသပတေးနေ့က တွေ့ရှိရပါတယ်။ သေဆုံးသူရဲ့ လက်တစ်ဖက်မှာ ဈေးဝယ်ပလပ်စတစ်အိတ်တစ်လုံး ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။