မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး တာရို ကိုနို နှင့် မိုက်ပွန်ပီအို တို့ဆွေးနွေး
မြောက်ကိုရီးယား နိုင်ငံ ဒုံးကျည် ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအို တို့နှစ်ဦးသည် ၎င်းနိုင်ငံများအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့ကြသည်။


