တူရကီ လေယာဉ်မှူးများကို လေ့ကျင့်ပေးမှု အမေရိကန် ဆိုင်းငံ့
ယခုလကုန်မှစကာ အမေရိကန်လုပ် F-35 ဂျက်လေယာဉ်များနှင့် တူရကီလေယာဉ်မှူးများအား လေ့ကျင့်ပေးနေမှုများကို ရပ်တန့်တော့မည်ဟု အမေရိကန်ဘက်မှ သတိပေးထားသည်။ ရုရှားထံမှ လေကြောင်းကာကွယ်ရေးစနစ်ကို တူရကီက အသုံးပြုရန်စီစဉ်မှုကြောင့် တူရကီနှင့် အမေရိကန်တို့ကြား သဘော ထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။







