လစ်ဗျား ထရီပိုလီ တိုက်ပွဲတွင် သေဆုံးသူ ၆၅၃ ဦးအထိရှိလာ
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ အနီးတစ်ဝိုက် ဖြစ်ပွားသည့် တိုက်ပွဲတွင် စုစုပေါင်း ၆၅၃ ဦးသေဆုံးပြီး ၃၅၄၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က ယမန်နေ့က ပြောကြားခဲ့သည်။
ကိုလံဘီယာ အရှေ့မြောက်ဘက် တိုက်ခိုက်မှုဖြစ်ပွား စစ်သား နှစ်ဦးသေဆုံး ၊ ရှစ်ဦး ဒဏ်ရာရ
ကိုလံဘီယာနိုင်ငံ အရှေ့မြောက်ဘက်ဒေသတွင် စစ်တပ်ကင်းလှည့်စဉ် တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်သားနှစ်ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာ စစ်တပ်က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၊ လူ ၉ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်းပြည်နယ်တွင် ဘတ်စ်ကားတစ်စင်းက သံမဏိချောင်းများ အပြည့်တင်ဆောင်ထားသည့် နောက်တွဲယာဉ်တစ်စင်းကို ဝင်ဆောင့်မိရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး၊ အခြားသူ ၂၄ဦး ဒဏ်ရာခဲ့ကြောင်း တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ အဖွဲ့ဝင်အဖြစ် ဗီယက်နမ်နိုင်ငံပါဝင်ခွင့်ရ
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ (ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်) နဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားရာ အလှည့်ကျအဖွဲ့ဝင်ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံမှာ ဗီယက်နမ်နိုင်ငံပါဝင်လာပြီး အလှည့်ကျတာဝန်ကို လာမယ့်ဇန်နဝါရီလကနေ သက်တမ်း ၂ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ 
ရွေးကောက်ပွဲကို ဆန္ဒဖော်ထုတ်သည့် လူ ၅၀ဝ ခန့်ကို ကာဇတ်စတန်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း
ရွေးကောက်ပွဲမှာ မမျှတဟုဆိုကာ ဆန္ဒဖော်ထုတ်ခဲ့သည့် ရာနှင့်ချီသော ဆန္ဒပြသူများကို ကာဇတ်စတန် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင်  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မိုဒီ၏ခရီးစဉ်အတွင်း မော်လ်ဒိုက်နှင့် အိန္ဒိယသဘောတူညီချက် ခြောက်ခု လက်မှတ်ရေးထိုး
မော်လ်ဒိုက်နှင့် အိန္ဒိယနိုင်ငံတို့သည်    ကာကွယ်ရေးနှင့်  ပင်လယ်ရေကြောင်းအပါအဝင်   နယ်ပယ်အသီးသီးတွင်   ဆက်ဆံမှုခိုင်မာအားကောင်းစေရန်   ယမန်နေ့က   သဘောတူညီချက်  ခြောက်ခုကိုလက်မှတ်ရေးထိုးခဲ့ကြောင်း  ဒေသန္တရမီဒီယာများက  ယနေ့ဖော်ပြခဲ့သည်။