ပါကစ္စတန်မြောက်ပိုင်းတွင် ရာသီဥတုဆိုးရွားမှုကြောင့် သုံးဦးသေဆုံး
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Gilgit-Baltistan ဒေသ ကွဲပြားခြားနားသော နေရာများတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးကာ လူသုံးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသန္တရ တာဝန်ရှိသူများနှင့် ဒေသခံမီဒီယာ က ယမန်နေ့က ပြောကြားခဲ့သည်။





