တရုတ် စီချွမ်ပြည်နယ်တွင် ပြင်းအား (၆ ဒသမ ဝ) ပမာဏ ငလျင်လှုပ်ခတ်
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ယမန်နေ့နှောင်းပိုင်းက ပြင်းအား (၆ ဒသမ ဝ) ပမာဏရှိ အားကောင်းသည့် ငလျင် လှုပ်ခတ်ခဲ့သောကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။




