ပိုလန်ခရီးသွားဧည့်သည်များကို  အမေရိကန်က ဗီဇာကင်းလွတ်ခွင့်ပြုမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိုလန်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ခွင့်ပြုဖို့ စဉ်းစားနေသည်ဟု ဆိုသည်။ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗီဇာမပါဘဲ အမေရိကန်နိုင်ငံသို့သွားရောက်ရန် ပါဝင်သည့် နိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။
မြောက်ကိုရီးယားနှင့် နျူသဘောတူညီချက်ကို အလျင်စလိုပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရန့် ဆို
နှစ်နိုင်ငံခေါင်းဆောင်များကြား ပထမဦးဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲပြီးနောက် တစ်နှစ်အကြာတွင် ၄င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား သဘောတူညီချက်ကို အလျင်စလိုပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
အာဘေးနှင့် ရိုဟာနီကြား အစည်းအဝေးက အဓိပ္ပာယ်ရှိဟု ဂျပန်ပြော
အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် ဂျပန်ဝန်ကြီး ရှင်ဇိုအာဘေးတို့အကြား ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အစည်းဝေးပွဲမှာ အဓိပ္ပာယ်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီဒါဆူဂါက ပြောကြားသည်။
ဆန္ဒပြသူများကို ဟောင်ကောင်ခေါင်းဆောင် ပြစ်တင်ဝေဖန်
ဟောင်ကောင် ပြစ်မှုဆိုင်ရာ သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးပို့ ရေးဆိုင်ရာ ဥပဒေပြန်လည်ပြင်ဆင်ရေးကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူ ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ကင်မရွန်း မြောက်ဘက်စွန်းဒေသ ဘိုကိုဟာရမ် တိုက်ခိုက်မှုတွင် သေဆုံးသူ ၃၇ ဦး ရှိ
ချဒ်ရေကန်နယ်စပ် ကင်မရွန်းနိုင်ငံ၏ မြောက်ဘက်စွန်းဒေသ ဒါရတ်ခ် (Darak) မြို့တွင် ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူပေါင်း ၃၇ ဦးထိရှိကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ယမန်နေ့ ဖော်ပြခဲ့သည်။
ထရီပိုလီတောင်ပိုင်း လစ်ဗျားလေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွား 
ကုလသမဂ္ဂထောက်ခံသော လစ်ဗျားအစိုးရက ထရီပိုလီ မြို့တော်တောင်ပိုင်းရှိ အရှေ့အခြေစိုက်စစ်တပ်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
တရုတ်-တောင်အာရှ မီဒီယာဖိုရမ် ကျင်းပ
တရုတ်-တောင်အာရှ မီဒီယာဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ Hilton Hotel ၌ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။