အိန္ဒိယအထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ အာဏာရညွန့်ပေါင်းပါတီ အနိုင်ရ

ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ ဦးဆောင်သော အိန္ဒိယအာဏာရ ညွန့်ပေါင်းပါတီ သည် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် အသာဖြင့်  အနိုင်ရရှိကာ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန် ဝန်ကြီးချုပ်မှ မိုဒီအား ဂုဏ်ပြု
ပါကစ္စတန်ဝန်ကြီးချုပ်အပါအဝင် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များက အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြန်လည် ရွေးကောက်ခံရမှုအပေါ် ချီုးကျူးဂုဏ်ပြုလျက်ရှိသည်။ 
အကောင့်တုပေါင်း ၂ဒသမ ၂ဘီလီယံကို Facebook ပယ်ဖျက် 
Facebook မှ ယခုနှစ် ပထမသုံးလအတွင်း အကောင့်အတုပေါင်း ၂ဒသမ၂ ဘီလီယံကို ပယ်ဖျက်ခဲ့ သည် ဟုဆိုသည်။ ယမန်နှစ်က အကောင့်တုပေါင်း ၁ဒသမ၂ဘီလီယံရှိခဲ့ရာ ယခင်နှစ် ပထမသုံးလ ပတ်ထက် အကောင့်တုများ ပိုမို များပြားလာသည် ဟုဆိုသည်။ 
သမ္မတ ဒေါ်နယ်ထရန့် ဂျပန်ခရီးစဉ် ၁၀ နေရာ ဒရုန်းယာဉ် မပျံသန်းရေး ကြိုတင်စီမံထား
ဂျပန်အစိုးရအဖွဲ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း  တိုကျိုပတ်ဝန်းကျင် ၁၀ နေရာကို
အိန္ဒိယ ရွေးကောက်ပွဲ ဆန္ဒမဲ ရေတွက်မှု စတင်လုပ်ဆောင်နေ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးခဲ့ပြီးနောက် ရွေးကောက်ပွဲဆန္ဒမဲရေတွက်မှု ယနေ့စတင်လုပ်ဆောင်နေကြောင်း သိရသည်။
ဗီယက်နမ် မိုးရွာသွန်းမှုကြောင့် ယာဉ်လမ်းချော်တိမ်းမှောက် နှစ်ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ
ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဒေါင်နေပြည်နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့ ဖော်ပြထားသည်။
အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲအကြမ်းဖက်မှုများအတွင်း လူခြောက်ဦး သေဆုံး
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ် ပွားခဲ့ရာ လူပေါင်း ၆ဦး သေဆုံးခဲ့သည်။ အတိုက်အခံကိုယ်စားလှယ်လောင်း ပရာဘိုဝိုက မဲလိမ်သည်ဟုဆိုကာ သမ္မတ ဂျိုကိုဝီဒို၏အောင်ပွဲကို ပယ်ချခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။