နယူးဇီလန်နိုင်ငံမှာ တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံသူ တစ်ဦးရှိကြောင်းနဲ့ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာ နှစ်လကျော် အတွင်းမှာ ပထမဆုံး ပိုးတွေ့သူ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ခရစ် ဟစ်ကင်စ်က ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန် ကြေညာပါတယ်။