အီသီယိုးပီးယားနိုင်ငံမှ ဒုက္ခသည် ၅၈၀၀၀ ကျော် ဆူဒန်နိုင်ငံသို့ ထွက်ပြေးဟု ကုလ ပြောကြား
အီသီယိုးပီးယားနိုင်ငံ မြောက်ဘက် တီဂရေးဒေသတွင် စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ၅၈၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ယမန်နေ့က ပြောကြားခဲ့သည်။







