ကလေးတို့ အိပ်ရာ၀င်ပုံပြင်ထဲက ရေသူမတွေ တကယ်ရှိသလား
ပင်လယ်ကြီးထဲက ကျောက်ဆောင်တွေပေါ်မှာ ရွှေရောင်ဆံပင်တွေနဲ့ ရောင်စုံတလက်လက်တောက်ပနေတဲ့ အမြီးပိုင်ရှင် ရေသူမတွေကို ကလေးတို့ သိကြသလား။ ကာတွန်းနဲ့ ပုံပြင်တွေထဲက ရေသူမလေးတွေက သိပ်ကိုလှပပြီး ချစ်စရာ ကောင်းတာပေါ့။ ဆံပင်ရှည်တွေက သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားသတဲ့။






