တရုတ်ရုပ်သံဇာတ်လမ်းတွဲ "ပျော်ရွှင်မှုရှာပုံတော်" သရုပ်ဆောင်နှင့်အဖွဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲ "ပျော်ရွှင်မှုရှာပုံတော်" Ode to Joy ၏ အဓိကသရုပ်ဆောင် Qiao Xin နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းခန်းမ၌ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံသည်။








