ဟိုမိန်းမြို့၌  ရှမ်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၄ နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းစာဆိုတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့  အမှတ်(၁)ရပ်ကွက်  ပွဲတော်ကျင်းပရာကွင်း၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။