မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးရုံအခြေပြု ပထမအကြိမ်စတင်ထိုးနှံ
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ လတ်တလောအသက်ရှူလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုရပ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။







