မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အဓိကကျသည့် လမ်းပန်းဆက်သွယ်မှု (၆)ခုတွင် ရထားပြေးဆွဲပေးလျက်ရှိ
ကိုဗစ်-၁၉ ကာလအတွင်းပြည်သူများ ခရီးသွားလာမှုကို ကန့်သတ်ရန် လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတွင်ရှိသည့် မီးရထားသွားလာမှုများကို ဧပြီ(၁၀) ရက်မှစတင်၍ လျှော့ချပြေးဆွဲနေသော်လည်း အဓိကကျသည့် လမ်းပန်း ဆက်သွယ်မှု (၆)ခုတွင် ရထားတစ်စင်းစီ စီစဉ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား လက်ထောက်အထွေထွေ မန်နေဂျာ (သွားလာရေး/တိုင်း) ဦးဇော်လွင်ထံမှ သိရသည်။







