ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာဟုမ္မလင်းမြို့ အဝင်အထွက် နောင်ပိုအောင်၊ နမ့်တောသွားသည့် ကားလမ်းဂိတ်၊ ဟုမ္မလင်းချင်းတွင်းတံတားဂိတ်၊ ဟုမ္မလင်းမြို့နယ် ညောင်သာကျေးရွာ အဝင်ဂိတ် (၃)ဂိတ်များတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလားနေမှုများကို နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး PPE ဝတ်စုံများ စနစ်တကျ ဝတ်ဆင်နည်းသရုပ်ပြ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်စုံပြည့် စနစ်တကျဝတ်ဆင်မှု သရုပ်ပြလေ့ကျင့် နည်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မိုးညိုမြိုနယ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာတက္ကသိုလ်၌ သင်္ကြန်ကာလအတွင်း နေရပ်ပြန်သွားသည့် ဆရာဆရာမများကို သွားလာမှု ကန့်သတ်ထားရှိမည့် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
မိတ္ထီလာတက္ကသိုလ်၌ သင်္ကြန်ကာလအတွင်း နေရပ်ပြန်သွားသည့် ဆရာဆရာမများကို သွားလာမှု ကန့်သတ်ထားရှိမည့် အဆောင်များအား ဧပြီလ ၂၃ ရက် နံနက် ၇ နာရီက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့ ယာယီပျံကျဈေးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပိုးသတ်ဆေးပက်ဖျန်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလ အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဈေးသည်များ ဈေးပိတ်သိမ်းပြီးချိန် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများအား တုံ့ပြန်မည့်အစီအစဉ်ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက် ရောက်မှု များအား တုံ့ပြန်မည့်အစီအစဉ်ရေးဆွဲရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က နေပြည်တော်ရှိ ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မော်ရိုကိုနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၃၇ ဦးရှိ၊ စုစုပေါင်းကူးစက်ခံရသူ ၃၄၄၆ ဦး ရှိလာ