မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၂ ဦး ထပ်မံတွေ့ရှိ

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၅၁၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူ ၄၆၄၄၈ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။