တီးတိန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် မျောက်ငိုသီးများ ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများ အပိုဝင်ငွေလျော့ကျဖွယ်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သစ်လိမ်သီးခေါ်(မျောက်ငိုသီး)များ ပေါ်ချိန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဝယ်ယူသူနည်း၍  ယခင်နှစ်များလောက် ဈေးမရသဖြင့် မျောက်ငိုသီး စိုက်ပျိုးသည့် တောင်သူများ အပိုဝင်ငွေလျော့ကျဖွယ်ရှိကြောင်း မျောက်ငိုပင် စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။